ဘုရားသုံးဆူ နိုဝင်ဘာ ၁၈
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့၊ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် ကျန်းမာရေးဆိုင်ရာ အချက်အလက်များနှင့် လူဦးရေစာရင်း ကောက်ယူခြင်းကို ဘုရားသုံးဆူမြို့ ကျေးလက်ကျန်းမာရေးဌာနက ဦးဆောင်၍ ယနေ့နံနက် ၉ နာရီအချိန်တွင် စာရင်းစတင် ကောက်ယူခဲ့ကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်နေမှုများအား ဘုရားသုံးဆူမြို့ ကျေးလက်ကျန်းမာရေးဌာန၊ ကျန်းမာရေး ဝန်ထမ်းများက ရပ်ကွက်အလိုက် ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ ကိုယ်ဝန်ဆောင်ရှိမရှိ၊ ရေတွင်း ရေကန် ဆောင်ရွက်ထားမှု ရှိ၊ မရှိ စသည့် အချက်အလက်များနှင့် လူဦးရေစာရင်းများအား အသေးစိတ်ကောက်ယူလျက်ရှိကြောင်း သိရသည်။
စောရဲဝင်းထွဋ် (ပြန်/ဆက်)