ဒဂုံ နိုဝင်ဘာ ၁၈
ရန်ကုန်တိုင်ဒေသကြီး၊ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ ရွှေတိဂုံဘုရားတောင်ဘက်မုဒ်၊ လိပ်ကန်ရှေ့၌ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးတင်အေး၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်ခင်သွယ်သွယ်တို့က ပူးပေါင်း၍ ယမန်နေ့ ည ၉ နာရီက ယာဉ်ကြောပိတ်ဆို့ စစ်ဆေးဆောင်ရွက် ကြောင်း သိရသည်။
ယာဉ်စစ်ဆေးရာတွင် မြို့နယ်တာဝန်ရှိသူများက အများပြည်သူများ စိတ်အေးချမ်းစွာ နေနိုင်ရေး၊ ဒုစရိုက် မှုခင်းများ မဖြစ်ပေါ်စေရေးနှင့် အသက်အိုးအိမ်စည်းစိမ် ကာကွယ်စောင့်ရှောက်နိုင်ရေးတို့ အတွက် ယာဉ်တင်လှည့်ကင်းဆောင်ရွက်ခြင်း၊ လမ်းတလျှောက် ဖြတ်သန်းသွားလာသော ယာဉ်များ အား ရပ်တန့်စေပြီး ယာဉ်စည်းကမ်းဆိုင်ရာများ သိရှိစေရန် ယာဉ်စစ်ပိတ်ဆို့ဆောင်ရွက်ခြင်းနှင့် နယ်မြေ အေးချမ်း လုံခြုံရေးတို့အတွက် စစ်ဆေးကြောင်း သိရသည်။ ယင်းသို့စစ်ဆေးပေးခြင်းအားဖြင့် ယာဉ်အန္တရာယ် မတော်တဆဖြစ်မှုများနှင့် အခြားမလိုလားအပ်သည့် အန္တရာယ်များမဖြစ်ပေါ်စေရန် စုပေါင်းဆောင်ရွက် ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)