ခရမ်းမြို့နယ်အတွင်း လ္ဘက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များ ဆိုင်ထိုင်စားသောက်ခွင့်မပြုဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရေးကွင်းဆင်းစစ်ဆေး

ခရမ်း နိုဝင်ဘာ ၁၈

ရန်ကုန်တောင်ပိုးခရိုင်၊ ခရမ်းမြို့နယ်အတွင်း စားသောက်ဆိုင်များနှင့် လ္ဘက်ရည်ဆိုင်များတွင် ဆိုင်ထိုင်စားသောက်ခွင့်အား ခွင့်မပြုဘဲ ပါဆယ်စနစ်ဖြင့် ရောင်းချရေး ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီက မြို့နယ်ကိုဗစ်-၁၉ ကာကွယ်‌ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာသို့ ခရမ်းမြို့နယ် ကိုဗစ်၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်း ကော်မတီဝင်များမြို့နယ် ကျန်းမာ‌ရေးဦးစီးဌာနမှ မြို့မကျန်းမာရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိ ဦးမိုးကျော်နှင့် မြို့နယ် စည်ပင်သာယာရေး ကော်မတီမှ ကော်မတီဝင်များ ခရမ်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသက်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြပြီး ဆိုင်ထိုင် စားသောက်ခြင်းမပြုဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရေး ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြစေရေး အသိပညာပေး၍ စားသောက်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ကိုမင်း (ခရမ်း)