ခရမ်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ကွန်ကရစ်လမ်းခင်းကျင်းမှုများအား ကွင်းဆင်း စစ်ဆေး

ခရမ်း နိုဝင်ဘာ ၁၈


ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း ကျေးရွာများတွင်  ဆောင်ရွက်လျက်ရှိသည့်ကျေး လက်ဒေသဖွံ့ဖြိုးရေးအတွက် ကွန်ကရစ်လမ်း ခင်းကျင်းရန်ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်နေမှုများကို ယမန်နေ့ ညနေ ၂ နာရီက မြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ် စား လှယ်နှင့် ဌာနတာဝန်ရှိသူများက လုပ်ငန်းများပြီးစီးမှုအလိုက် လိုက်လံ ကွင်းဆင်းကြည့်ရှု စစ်ဆေး ခဲ့ကြသည်။
ခရမ်းမြို့နယ် လက်ပံတန်းကျေးရွာနှင့် ပလောဝကျေးရွာသို့ ဆက်သွယ်သည့် ကျေးရွာချင်းဆက် ဆက်သွယ်ရေးလမ်းအား ၂၀၁၉/၂၀၂၀ ဘဏ္ဍာနှစ် GRF ခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်ခြင်းဖြစ်ပြီး ဆောင်ရွတ်ပြီးစီးမှုနှင့် ဆောင်ရွက်ရန် ကျန်ရှိနေမှုများကို ခရမ်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးလှတိုးနှင့် ခရမ်းမြို့နယ် ကျေးလက်ဒေသ လမ်းဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ AE ဒေါ်အိအိထွေးနှင့်QC အဖွဲ့ဝင်များက လုပ်ငန်းပြီးစီးမှုများအလိုက် လိုက်လံ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး လုပ်ငန်းစဉ်များအလိုက် လိုအပ်ချက်များအား လမ်းညွှန် မှာကြား၍ ပေါင်းစပ်ညှိနိူင်းဆောင် ရွက်ပေးခဲ့ကြောင်းသိရသည်။
ကိုမင်း(ခရမ်း)