နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၇) ဦး ထပ်မံတွေ့ရှိ

နတ်မောက်  နိုဝင်ဘာ  ၁၈

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်မှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာ (၇)ဦး ထပ်မံ  တွေ့ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှသိရသည်။

အဆိုပါပိုးတွေ့လူနာများမှာ ဂွေးတောက်ကုန်းကျေးရွာမှ အမျိုးသား(၁)ဦး ၊အမျိုးသမီး(၃)ဦး ချောင်းနက် ကျေးရွာမှ  အမျိုးသမီး(၃)ဦး  စုစုပေါင်း(၇)ဦးတို့ဖြစ်ပြီး   နိုဝင်ဘာ ၁၅ ရက်နေ့က ရန်ကုန် (NHL) သို့ ပို့ဆောင်စစ်ဆေးခဲ့ရာ   ယမန်နေ့က  ကိုဗစ် ရောဂါပိုး Positive  တွေ့ရှိခဲ့ကြောင်း သိရသည်။

ပိုးတွေ့လူနာများမှာ ရန်ကုန်တိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်မှ ပြန်လာကြသူများဖြစ်ပြီး သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ Facility Quarantine Centre များတွင်အသွားအလာ ကန့်သတ်ထား သူများ ဖြစ်ကြောင်းနှင့် ဆက်လက်၍ ပိုးတွေ့လူနာများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ (Covid Centre-2) တွင် ထားရှိသွားမည်ဖြစ်ပြီး လက်ရှိအချိန်၌ လူနာများ ကျန်းမာရေး ကောင်းမွန်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရှိရပြီး နတ်မောက်မြို့နယ် တွင်   ကိုဗစ်-၁၉  ရောဂါပိုး တွေ့လူနာ ယနေ့ထိ (၈၇) ဦးရှိ၍ ဆေးရုံဆင်းခွင့်ရရှိသူ (၇၃) ဦး ရှိရာ မြို့နယ် ပြည်သူ့ ဆေးရုံကြီးနှင့် (CovidCentre-2) တွင် ထားရှိကြောင်း သိရသည်။

လှဝင်း (နတ်မောက် )