မြဝတီမြို့တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ပွဲ ကုန်ကျစရိတ်များ တင်သွင်းရေး၊ စိစစ်လက်ခံနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မြဝတီ နိုဝင်ဘာ ၁၈

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာပြီးစီးခဲ့ပြီးဖြစ်ရာ အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော် ကိုယ်စားလှယ်များ အသုံးပြုခဲ့ကြသည့် ရွေးကောက်ပွဲ ကုန်ကျစရိတ်များ တင်သွင်းရာတွင် စိစစ် လက်ခံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မြဝတီခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ရှေဦးစွာ  မြဝတီခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်မောင်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့ရာ ကိုယ်စားလှယ်များက ရွေးကောက်ပွဲ ကုန်ကျစရိတ်များ ခရိုင်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲသို့တင်ပြရာတွင် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ ညွှန်ကြားချက် များနှင့်အညီ ဆောင်ရွက်နိုင်ရေး ရွေးကောက်ပွဲကုန်ကျစရိတ်များ တင်သွင်းရာတွင် စိစစ်လက်ခံ နိုင်ရေးတို့အတွက် ဆွေးနွေးပြောကြားသည်။ ဆက်လက်ပြီး ခရိုင်ကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်နှင့် ဌာနဆိုင်ရာများက အထွေထွေကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့ကြသည်။

ညှိနှိုင်းအစည်းအဝေးသို့ မြဝတီခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် အဖွဲ့ခွဲဝင်များ တက်ရောက်ခဲ့ကြပြီး လွှတ်တော် ကိုယ်စားလှယ်များ၏ ရွေးကောက်ပွဲ ကုန်ကျစရိတ် တင်သွင်းခြင်းကို မြဝတီခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် ဒီဇင်ဘာ ၁၀ ရက်နေ့နောက်ဆုံး ပေးသွင်းရမှာဖြစ်ကြောင်း ခရိုင်ကော်မရှင်အဖွဲ့ခွဲ ရုံးမှ သိရသည်။

မန်းသန်းရွှေမြင့်