စလင်းမြို့နယ်တွင် Facility Quarantine ဝင်ရောက်နေသူ (၆၅) ဦးအနက် (၁၅) ဦး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ

စလင်း နိုဝင်ဘာ ၁၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်သို့နေရပ်ပြန်လာသူများအား စလင်းမြို့ အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားရုံတွင်ထားရှိကာ ကိုဗစ်-၁၉ရော ဂါပိုးရှိမရှိ လည်ချောင်း၊ အာခေါင်တို့ဖတ်များရယူ၍ ဓာတ်ခွဲ နမူနာများပေးပို့ စစ်ဆေးခဲ့ရာ ယမန်နေ့ ညနေ ၃ နာရီ ၄၅ မိနစ်အချိန်က ကိုဗစ်-၁၉ရောဂါပိုး (၁၅) ဦး တွေ့ရှိကြောင်း သိရှိရသည်။

စလင်းမြို့နယ်အတွင်း နိုဝင်ဘာလ ၆ ရက်နေ့က နေရပ်သို့ပြန်လည်ရောက်ရှိလာသူ (၆၅) ဦးကို စလင်းမြို့မိုးလုံလေလုံ အားကစားရုံတွင်ထားရှိကာ နိုဝင်ဘာလ၁၅ရက်နေ့ လည်ချောင်း၊ အာခေါင်တို့ပတ်များ ရယူ၍ မကွေးတိုင်းကျန်းမာရေး ဦးစီးဌာနမှတဆင့် ရန်ကုန် ကျန်းမာရေးဦးစီးဌာနသို့ ပေးပို့ဓာတ်ခွဲစစ်ဆေးခဲ့ရာ ယမန်နေ့ ညနေပိုင်း အတည်ပြု ချက်အရ (၁၅) ဦး ပိုးတွေ့ရှိခဲ့သည်။

ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့သူများမှာ တောကြီး ကျေးရွာမှ အသက်(၂၁)နှစ်အရွယ် အမျိုးသမီး(၁)ဦး၊ ကန်စွယ်ကျေးရွာမှ အသက်(၂၆)နှစ်၊ (၃၆)နှစ် အရွယ်အမျိုးသမီး(၂)ဦး၊ သနပ်ကုန်းကျေးရွာမှ အသက်(၂၀)နှစ်အရွယ် အမျိုးသား (၁)ဦး၊ ထနောင်းကုန်းကျေးရွာမှ အသက်(၂၄)အရွယ် အမျိုးသမီး(၁)ဦး၊ အသက်(၂၉)နှစ်၊ အသက်(၂၃)နှစ်အအရွယ် အမျိုးသမီး(၂)ဦး၊ တည်ဖိုကန်ကျေးရွာမှ အသက်(၁၆)နှစ်အရွယ် အမျိုးသမီး(၁)ဦး၊ ကျောက်ပုံကျေးရွာမှ အသက်(၃၄) နှစ်၊(၂၂)အရွယ် အမျိုးသမီး(၂)ဦး၊ တညောင်ကျေးရွာမှ အသက်(၂၅)နှစ်အရွယ် အမျိုးသမီး(၁)ဦး၊ ညောင်ပင်လှကျေးရွာမှ အသက်(၂၄)နှစ်အရွယ် အမျိုးသမီး(၁)ဦး၊ အရှေ့ရှားတောကျေးရွာမှ အသက်(၂၅)နှစ်အရွယ် အမျိုးသမီး(၁)ဦးနှင့် ပန်းပြင်ကျေးရွာမှ အသက်(၂၄) နှစ်၊ အသက်(၁၉)နှစ်အရွယ် အမျိုးသမီး (၂)ဦးတို့ဖြစ်ပြီး ပိုးတွေ့ရှိသူ(၁၁)ဦးကို စလင်းမြို့နယ်ပြည်သူ့ဆေးရုံနှင့် (၄)ဦးကို ဆင်ဖြူ ကျွန်းတိုက်နယ် ဆေးရုံများသို့ ပို့ဆောင်၍ ကျန်းမာရေးစောင့်ရှေက်မှုများခံယူစေကာ ဆေးကု သမှုများပြုလုပ်ပေးလျက်ရှိကြောင်း စလင်းမြို့နယ် ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရှိရသည်။

မောင်လွင် (ပြန်/ဆက်)