မင်းတုန်း နိုဝင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့တွင် ရန်ကုန်မှ နေရပ်ပြန်လာသူ နှစ်ဦးတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိပြီးနောက် ရောဂါဆက်လက် ပြန့်ပွားမှုမရှိစေရေး ထိန်းချုပ် ဆောင်ရွက်လျှက်ရှိရာ ယနေ့နံနက် ၇ နာရီခန့်က အမှတ်(၂)ရပ်ကွက်ရှိ အခွန်လွတ်ဈေးနှင့် အမှတ်(၄) ရပ်ကွက်ရှိ ယာယီဈေးတို့တွင် ဈေးရောင်း ဈေးဝယ်များအား Masks & Face Shield Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ Masks & Face Shield Campaign ပြုလုပ်ရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာထွန်းလင်းအောင်၊ မြို့မကျန်းမာရေးမှူး ဦးမောင်ဇော်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်ဒုတိယဦးစီးမှူး ဦးမျိုးမင်းထွန်း(၁)နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြပြီး ဈေးရောင်း ဈေးဝယ်များအား COVID-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ Masks & Face Shield များအခမဲ့ဖြန်ဝေပြီး စနစ်တကျတပ်ဆင်ရေးနှင့် မလိုအပ်ဘဲ နေအိမ်ပြင်ထွက်ခွာ သွားလာခြင်း မပြုလုပ်ရန်တို့အား ပညာပေးဆောင်ရွက်ခဲ့ကြကြောင်းသိရှိရသည်။
ချင်းကလေး(NRDC)