ကြာအင်းဆိပ်ကြီးမြို့နယ်၌ မိုးစပါး မျိုးစေ့ထုတ်လုပ်စိုက်ခင်း စံကွက်ရိတ်သိမ်း

ကြာအင်းဆိပ်ကြီး နိုဝင်ဘာ ၁၈


ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေမှု  အခြေအနေအရ နိုင်ငံတော်အစိုးရက ချမှတ်  အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စီးပွားရေးကုစားမှု CERP plan အရ တောင်သူများအနေဖြင့် မျိုးစပါး လိုအပ်ချက် မရှိစေရေး မိုးစပါးမျိုးစေ့ထုတ်လုပ်စိုက်ပျိုးပြီး အခြားတောင်သူများကိုပါ ပြန်လည် ဖြန့်ဖြူး ပေး နိုင်စေရေးအတွက် မျိုးစပါးနှင့် စိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်များကို ထောက်ပံ့ပေး ခဲ့ကြောင်းသိရသည်။
အဆိုပါမိုးစပါး မျိုးစေ့ထုတ်လုပ်စိုက်ခင်းကို ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီး မြို့နယ်အတွင်း၌ ဒေသခံအကျိုးဆောင်တောင်သူများမှ မျိုးစေ့ထုတ်လုပ်စပါးစိုက်ခင်း (၁၄၅)ဧက စိုက်ပျိုးထားကြောင်းသိရသည်။
၎င်းမျိုးစေ့ထုတ်လုပ် ဆင်းသုခမိုးစပါးစိုက်ခင်းအား စိုက်ပျိုးထားရှိသည့် မြို့မအမှတ်(၂) ရပ်ကွက် ရှိတောင်သူဦးထွန်းကြည်၏ (၅)ဧက မိုးစပါး ဆင်းသုခမျိုး မျိုးစေ့ထုတ်လုပ်စိုက်ခင်းအား မြို့နယ်စိုက်ပျိုးမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနတို့မှ ပူးပေါင်းကာ ကောက်ရိတ်စပါး ခြွေလှေ့စက်ဖြင့် စံကွက်ရိတ်ကာ စပါးအထွက်နှုန်းတွက်ချက် ချိန်တွယ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါမိုးစပါး မျိုးစေ့ထုတ်လုပ် ဆင်းသုခမျိုးစပါးအား ကောက်ရိတ်စပါးခြွေလှေ့စက်ဖြင့် စံကွက်ရိတ်သိမ်းရာ တစ်ဧကအထွက်နှုန်း( ၇၈)တင်း ထွက်ရှိရရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မှသိရသည်။
မျိုးမင်းဦး (ပြန်/ဆက်)