လိပ်သို ဇူလိုင် ၃၀
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ မိသားစု စားသုံးရန်နှင့် အပိုဝင်ငွေ ရရှိစေရန် မိုးရာသီကာလ၌ ဂေါ်ရခါးပင်များကို စင်ထိုးပြီး တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားကြရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိနေကြောင်း သိရသည်။
ဂေါ်ရခါးပင် စိုက်ပျိုးရာတွင် ဂေါ်ရခါးသီးစေ့များကို ပျိုးအိတ်ဖြင့် ပျိုးထောင်၍ စိုက်ပျိုးကြကြောင်း၊ သဘာ၀မြေဩဇာကိုသာ အသုံးပြု၍ စိုက်ပျိုးထားခြင်းကြောင့် နှစ်ခြိုက်စွာ စားသုံးသူများပြားကြောင်း၊ ဂေါ်ရခါးပင်များမှာ နွေ၊ မိုး၊ ဆောင်း ရာသီမရွေး အသီးသီးသော သီးနှံပင်ဖြစ်သောကြောင့် စိုက်ပျိုးလုပ်ကိုင်သူများအနေဖြင့် တွက်ခြေကိုက်ကြောင်း သိရသည်။
ဂေါ်ရခါးပင်သည် နွယ်ပင်အမျိုးအစားဖြစ်ပြီး အသီးအပြင် အညွန့်များကိုပါ စားသုံးနိုင်ကြောင်း၊ ဂေါ်ရခါးသီးတစ်ပိဿာလျှင် (၂၀၀ဝိ/-) ကျပ် နှင့် အညွန့်တစ်စီးလျှင် (၁၀၀ဝိ/-) ကျပ်ဖြင့် ရောင်းချရကြောင်း၊ ဂေါ်ရခါးပင်များ စိုက်ပျိုးခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေ ရရှိနိုင်ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
ခင်လေးနွယ် (လိပ်သို)