တံတား ဇူလိုင် ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြည်သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကို ယနေ့မွန်းလွဲ (၁) နာရီအချိန်က ပြသဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် မိုးရာသီတွင်ဖြစ်ပေါ်လာမည့် သဘာဝဘေးအန္တရာယ်များ၊ ငလျင်ဘေးအန္တရာယ်များ၊ ရေကြီးရေလျှံမှုများ၊ သဘာဝဘေးအန္တရာယ်မကျရောက်မီ မိသားစုကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ ကျရောက်လာပါက သတိပြုလိုက်နာရမည့် ဆောင်ရန်၊ ရှောင်ရန်အချက်များစသည့်တို့ကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် မှတ်တမ်းဓာတ်ပုံများနှင့်တကွဖော်ပြထားသော နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ရာ ပြည်သူများအနေဖြင့် စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ခန့်စည်သူဝင်း (ပြန်/ဆက်)