တောင်ငူမြို့နယ် အင်ဒိုင်းကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကျင်းပ

တောင်ငူ    ဖေဖော်ဝါရီ    ၂၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ အင်ဒိုင်းကျေးရွာ သာသနာ့သိပ္ပံ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင်  ယနေ့ မွန်းလွဲ ၁ နာရီ အချိန်က ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသီဟဇော်က အဖွင့်အမှာစကား ပြောကြာပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဒေါ်စမ်းစမ်းအေးက ပြည်သူ့စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြည်သူ့စကားဝိုင်းတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ တင်တင်ဝင်းက ကလေးသူငယ် အခွင့်အရေးဆိုင်ရာများ၊ ရပ်ရွာဖွံ့ဖြိူးရေးအတွက် ဆောင်ရွက်ရမည့် အချက်များကိုလည်းကောင်း၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ ဒုတိယ ရဲမှူးမျိုးလွင်က ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာရမည့်အချက်များကို လည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲအုပ်‌ကျော်စိုးမင်းက ရပ်ရွာများအတွင်း မှုခင်းဖြစ်ပွားမှုမရှိစေရေး အကြောင်း များကိုလည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ခရိုင်တာဝန်ခံ ဦးအာကာကိုကိုက သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပွားတတ်သည့်အချက်များ၊ ဆောင်ရန်/ရှောင်ရန်များကို လည်းကောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအိအိမင်းနောင်က ဒေသတွင်း ကျန်းမာရေး လုပ်ငန်းများဆောင်ရွက်မှုအခြေအနေများနှင့်  ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပေါ်တတ်သည့် ရောဂါလက္ခဏာများနှင့် ကြိုတင်ကာကွယ်နိုင်ရေး အ‌ကြောင်းများကိုလည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်ခင်မို့မို့သန်း ဥပဒေဆိုင်ရာ အကြောင်း များ၊ ပြစ်မှုပြစ်ဒဏ်များ အကြောင်းကိုလည်းကောင်း၊ ခေတ္တမြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးကျော်နိုင်ဌေးက မီးဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ဆောင်ရန်/ရှောင်ရန်များကို လည်းကောင်း၊ စားသုံးသူရေးရာ ဦးစီးဌာန မြို့နယ် တာဝန်ခံ ဦးမြင့်သူက စားသုံးသူ အခွင့်အရေးဆိုင်ရာများကိုလည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ‌ပြည်သူ့စကားဝိုင်းသို့ တက်ရောက်လာကြသော ကျေးရွာနေပြည်သူများက သိရှိလိုသည်များမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားဆွေး‌နွေးခဲ့ကြကြောင်း သိရှိရပြီး အဆိုပါစကားဝိုင်းသို့ ကျေးရွာနေပြည်သူများ ၊ ကျောင်းသား ကျောင်းသူ များ စုစုပေါင်း  ၁၅၀ ကျော် တက်ရောက်ခဲ့ကြောင်းသိရသည်။

ဇော်ထက် (တောင်ငူ)