လှိုင်သာယာ(အနောက်ပိုင်း) နိုဝင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး ၊ မြောက်ပိုင်းခရိုင် ၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ သက်ကြီး စာရေးဆရာများအား ကိုဗစ်−၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း အခြေခံစားသောက်ကုန်များကို ပန်းပျိုးလက်စင်တာနှင့် စာကြည့်တိုက်အသင်း မှ ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်စာရေးဆရာအသင်းရုံးတွင် ပေးအပ်လှူဒါန်းသည်။
ထိုသို့ ပေးအပ်လှူဒါန်းရာတွင် ပန်းပျိုးလက်စင်တာနှင့် စာကြည့်တိုက်အသင်းမှ မြို့နယ်အတွင်းရှိ သက်ကြီး စာရေးဆရာကြီး(၁၀)ဦအား တစ်ဦးလျှင် ငွေကျပ်(၂၀၀၀၀)နှုန်း နှင့်ညီမျှသော ဆန်(၅)ပြည်၊ ဆီ(၁)ဘူး ၊ ငါးသေတ္တာ(၅)ဘူး ၊ ငါးပိထောင်း(၅)ဘူး ၊ ပဲထောပတ်(၃၀)သား၊ အာလူး(၁)ပိဿာ (၅၀)သား ဂျုံခေါက်ဆွဲ(၁)ထုပ် ၊ဆား(၁)ထုပ် တို့ကို လှူဒါန်းပေးအပ်သည်။
အဆိုပါ လှူဒါန်းပေးအပ်ရာတွင် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာမ အိမ့်ခေတ်မှူးမှ မုဒိတာစကား ပြောကြားခဲ့ပြီး စာရေးဆရာအသင်း အလုပ်အမှုဆောင် ဦးဌေးအောင်မှ ဝမ်းသာပီတိ စကားပြောကြားခဲ့သည်။ ထို့နောက် သက်ကြီးစာရေးဆရာကြီးများက ကျေးဇူးတင် ဆုတောင်း မေတ္တာများ ပို့သကာ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌမှ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်း ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။
မြသန္တာဝင်း(ပြန်/ဆက်)