ကျိုက်ဒုံမြို့တွင် ယာဉ်စည်းကမ်း/လမ်းဆိုင်ရာ အသိပညာပေး (Talk Show) ဆောင်ရွက်

ကျိုက်ဒုံ နိုဝင်ဘာ ၁၉

ကရင်ပြည်နယ် ကျိုက်ဒုံမြို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကိုဗစ် - ၁၉ ရောဂါ ကာလအတွင်း ပြည်သူများ အသိပညာ ရရှိစေရေးအတွက် ယာဉ်စည်းကမ်း /လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က အဆိုပါရုံး (Community Centre) တွင် ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးကျော်လင်းနိုင် က ကိုဗစ် - ၁၉ ရောဂါ ကာလအတွင်း (Talk Show) ဆွေးနွေးပွဲပြုလုပ်ရသည့် ရည်ရွယ်ချပ်များ ဆွေးနွေးပြောကြားပြီး၊ ကျိုက်ဒုံမြို့ ဒုရဲအုပ်ဖြိုးမင်းဟန်က မော်တော်ယာဉ် စီးနင်းသူများ အနေဖြင့် ယာဉ်အန္တရာယ်ကင်းစင်ရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေပါတဲ့ ပြစ်မှုများနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ သိကောင်းစရာများကို အသိပညာပေး ဆွေးနွေးခဲ့ ကြောင်း သိရသည်။

သန်းထွန်းနိုင် (ပြန်/ဆက်)