မြောင် နိုဝင်ဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ဆင့်ပွားကူးစက်မှုမရှိစေရေး အတွက် မြို့အဝင်စစ်ဆေးရေးဂိတ်ထားရှိပြီး အခြားမြို့နယ်မှ ဝင်ရောက် လာသူများအား ကိုယ်ရေးအချက်အလက်နှင့် ကျန်းမာရေးစစ်ဆေးမှုများကို နေ့ညအထူးကြီးကြပ် ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။
ကျွန်တော်တို့ မြို့နယ်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက် မြို့အဝင်ဂိတ်မှာ အခြားမြို့များမှ ဝင်ရောက်လာသူများအား အပူချိန်တိုင်းတာခြင်းနှင့် ကိုယ်ရေးအချက် အလက် စစ်ဆေးကာ မှတ်တမ်းယူ ဆောင်ရွက်ခြင်း လုပ်ငန်းများကို အလေးထား ဆောင်ရွက်နေပါ တယ်ဟု မြို့နယ်စည်ပင်သာယာ ရေးကော်မတီ အလုပ်အမှုဆောင်အရာရှိ ဦးကျော်ထင်မောင် မောင်က ပြောပြသည်ကို သိရသည်။
မြောင်မြို့နယ်တွင် ကိုဗစ် -၁၉ရောဂါ ဆင့်ပွားကူးစက်မှုမရှိစေရေးအတွက် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး မြို့နယ်အဆင့်ကော်မတီမှ အထူးအလေး ထားကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
တင်ကိုကို(မြောင်)