ဘောဂလိ နိုဝင်ဘာ ၁၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့ စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေ များဖြင့် မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ရေမြောင်း တူးဖော်ခြင်း၊ အများပြည်သူသွားလာမှု လွယ်ကူစေရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဖူးကြာထူး လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို နိုဝင်ဘာလဒုတိယအပတ်မှစ၍ ဆောင်ရွက်လျက်ရှိရာ ယခုအခါ (၂၅) ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖူကြာထူးလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းတွင် မြို့စည်ပင်သာယာရေးအဖွဲ့မှ သတ်မှတ်စံချန်စံညွှန်း ပြည့်မီရေးအတွက် အနီးကပ် ကြီးကြပ်ဆောင်ရွက်လျက်ရှိရာ အရှည် (၄၅၀) ပေ၊ အကျယ် (၁၂) ပေ၊ ထု ၈ လက်မရှိပြီး ခွင့်ပြုရန်ပုံငွေကျပ် (၁၂.၃) သန်းရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)