ကြာအင်းဆိပ်ကြီး နိုဝင်ဘာ ၁၉
ကိုဗစ်-၁၉ ဖြစ်ပွားနေမှုအခြေအနေအရ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားအိမ်ထောင်စုများအား နိုင်ငံတော်အစိုးရက အိမ်ထောင်စု တစ်စုလျင် ထောက်ပံ့ငွေကျပ် နှစ်သောင်းနှုန်းဖြင့် ထောက်ပံ့ပေးအပ်လျက် ရှိကြောင်းသိရသည်။
အဆိုပါထောက်ပံ့ငွေများအား ထောက်ပံ့ပေးအပ်လျက်ရှိရာ ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီး မြို့နယ်တွင် နိုဝင်ဘာလ ပထမအပတ်မှစတင်ကာ စတုတ္ထအကြိမ်မြောက်ထောက်ပံ့ငွေများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးမှတစ်ဆင့် ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများအား ပေးအပ်ခဲ့ပြီး ထို့မှတစ်ဆင့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးရုံးများနှင့် အိမ်တိုင်ရာရောက်အိမ်ထောင်စု (၁၅၄၉၄)စု အား လိုက်လံပေးအပ်ခဲ့ပြီး ဖြစ် ကြောင်းသိရသည်။
မျိုးမင်းဦး (ပြန်/ဆက်)