မင်းဘူးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာ (၅) ဦးတွေ့ရှိ

မင်းဘူး နိုဝင်ဘာ ၁၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြု လူနာသစ် (၅)ဦး ရောဂါပိုးတွေ့ရှိခဲ့ပြီး သက်ဆိုင်ရာ Quarantine Centre များတွင်  အသွားအလာ ကန့်သတ် ထားရှိသူများဖြစ်ကြောင်း မြို့နယ် Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်ကံက အတည်ပြု ပြောကြားသည်။

ပိုးတွေ့အတည်ပြုလူနာများ၏ ဓါတ်ခွဲနမူနာများကို ရန်ကုန်အမျိုးသား ကျန်းမာရေးဆိုင်ရာ ဓါတ်ခွဲမှုဌာန (NHL)သို့ နိုဝင်ဘာ (၁၅)ရက်နေ့က  ပေးပို့စစ်ဆေးခဲ့ရာ ယနေ့နံနက်ပိုင်းတွင် ရောဂါ ပိုးတွေ့ အဖြေသိရှိခဲ့ရခြင်းဖြစ်ကြောင်း၊ ပိုးတွေ့ရှိသူများမှာ ရန်ကုန်မြို့က ပြန်လာသူများဖြစ်ပြီး စကုမြို့အောင်သုခရပ်ကွက်မှ တစ်ဦး၊ တဲကုန်းကျေးရွာမှ တစ်ဦး၊ လက်ပံတောကျေးရွာမှ တစ်ဦးနှင့် ဖလံတောအုပ်စု သီးကုန်းကျေးရွာမှ နှစ်ဦးတို့ဖြစ်ပြီး ခရိုင်ပြည်သူ့ဆေးရုံသီးသန့်ဆောင်၌ ဆေးကုသ ပေးသွားမည်ဖြစ်ကြောင်း ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာတင့်ခိုင်က ပြောသည်။

မင်းဘူးမြို့တွင် နိုဝင်ဘာ (၁၈)ရက် နံနက်ပိုင်းအချိန်ထိ ပိုးတွေ့အတည်ပြုလူနာ (၉၄) ဦးအထိ တွေ့ရှိ ခဲ့ပြီး ဆေးရုံဆင်းခွင့်ရရှိသူ (၈၅)ဦးရှိကာ သေဆုံးသူ တစ်ဦး ရှိထားကြောင်း ခရိုင်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

မောင်မောင်(မင်းဘူး)