ဝေါလေမြိုင် နိုဝင်ဘာ ၁၉
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ပြည်နယ် လွှတ်တော် ရန်ပုံငွေဖြင့် ဆောင်ရွက်သော လုပ်ငန်းအား ယမန်နေ့မွန်းလွဲပိုင်းက မြဝတီခရိုင်၊ စာရင်းစစ်ရုံးမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ပြည်နယ်လွှတ်တော်ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော ဝေါလေမြိုင်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ မီးသတ်ရုံးလမ်း (အရှည် ၃၀၀ပေ၊ အကျယ် ၁၂ပေ၊ ထု ၆လက်မ) ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်မှုအား သတ်မှတ်အရည်အသွေးနှင့် အတိုင်းအတာ ပြည့်မှီခြင်း ရှိ/မရှိ ကို စစ်ဆေးခဲ့ကြောင်း သိရသည်။
နိုင်မျိုးသင်း(ပြန်/ဆက်)