ခေါဇာမြို့တွင် ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိ သောအခြေခံလူတန်းစား အိမ်ထောင်စု (၁၂၄) စုအား ပဉ္စမအကြိမ် ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် ပေးအပ်

ခေါဇာ  နိုဝင်ဘာ ၁၉

မွန်ပြည်နယ်၊‌​ မော်လမြိုင်ခရိုင်၊ ခေါဇာမြို့ ရပ်ကွက် (၁) တွင် ကိုဗစ်-၁၉ ရောဂါကာလ အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် နိုင်ငံတော်အစိုးရမှ  ပဉ္စမအကြိမ်အဖြစ် ထောက်ပံ့သည့် အိမ်ထောင်စုတစ်စုလျင် ငွေကျပ်(၂၀၀၀ဝိ/-)နှုန်းဖြင့် ထောက်ပံ့ငွေများကို ခေါဇာမြို့ရပ်ကွက် (၁) အုပ်ချုပ်ရေးမှူး ဦးနိုင်စိုးနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ရောဂါ ဖြစ်ပွား နေစဉ်ကာလအတွင်း  ပုံမှန်ဝင်ငွေမရှိသောအိမ်ထောင်စု (၁၂၄) စုအား ယနေ့ ညနေပိုင်းက နေအိမ်အရောက် ထောက်ပံ့ငွေများအား ပေးအပ်ခဲ့သည်။

ကိုဗစ်-၁၉ ရောဂါကာလအတွင်း ပုံမှန်ဝင်ငွေမရှိ သောအခြေခံလူတန်းစားများ အတွက် နိုင်ငံတော်အစိုးရမှ ပထမအကြိမ်အဖြစ် စားသောက်ကုန်(၅)မျိုးကို ထောက်ပံ့ပေးအပ် ခဲ့ပြီး ယခုထောက်ပံ့ပေးအပ်သော ထောက်ပံ့ငွေသည် ပဉ္စမအကြိမ်အဖြစ် ထောက်ပံ့ပေးအပ်‌သော ထောက်ပံ့‌ငွေဖြစ်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ညီညီချမ်း(ပြန်/ဆက်)