မော်လမြိုင် နိုဝင်ဘာ ၁၉
မွန်ပြည်နယ် မော်လမြိုင်၌ ရဲဝန်ထမ်းများအတွက် အခြေခံစားသောက်ကုန်များစတုတ္ထအကြိမ် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး ရာမညဇာနည် ခန်းမ၌ယနေ့ နံနက်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားတွင် မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးသက်နိုင်က ကိုဗစ်-၁၉ ကာလတွင် ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ပြည်နယ်ရဲအကူတပ်ဖွဲ့ခွဲတို့မှ တပ်ဖွဲ့ဝင်နှင့် စာရေး ဝန်ထမ်းများအား စားဝတ်နေရေး အဆင်ပြေစေရေးနှင့် သက်သာချောင်ချိရေးတို့အတွက် အခြေခံစားသောက်ကုန်များ ထောက်ပံ့ ပေးအပ်ရခြင်းဖြစ်ကြောင်း၊ ကူးစက်ရောဂါနှင့် ပက်သက်၍ ဂရုတစိုက် နေထိုင်ကြရန် မှာကြားပြီး ရဲဝန်ထမ်း များအားအခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထောက်ပံ့ပေးအပ်ပွဲတွင် တပ်ဖွဲ့ဝင်နှင့် စာရေးဝန်ထမ်း (၁၈၄) ဦးတို့အား တစ်ဦးလျှင် ဆန် (၁၂) ပြည်၊ ဆီ(၅၀)သား၊ သကြား(၅၀)သား၊ ကုလားပဲခြမ်း(၁)ပိဿာ၊ ဆား(၁)ပိဿာ၊ ငါးသေတ္တာဘူးများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ထံ မှ သိရသည်။
ပြည်နယ် (ပြန်/ဆက်)