သရက် နိုဝင်ဘာ ၁၉
မကွေးတိုင်းဒေသကြီး၊ သရက်မြို့ဗိုလ်ချုပ်အားကစားကွင်းအတွင်း၌ ဖွင့်လှစ်ထားသော ယာယီ ဈေးတွင် ဈေးရောင်း၊ ဈေးဝယ် ပြည်သူများအနေဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များကို သိရှိနားလည်ပြီး ပူးပေါင်းပါဝင် ဆောင်ရွက်သွားစေရန် ရည်ရွယ်၍ ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနဝန်ထမ်းများမှ အသိပညာပေးခြင်းနှင့် လက်ကမ်း စာစောင်ဖြန့်ဝေခြင်း များကို ယနေ့ နံနက်(၇)နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင် အိုဇုန်းလွှာကာကွယ်ထိန်း သိမ်းရေး ဆိုင်ရာ လက်ကမ်းစာစောင်၊ ပလပ်စတစ်ညစ်ညမ်းမှုကို တိုက်ဖျက်ကြပါစို့ လက်ကမ်းစာ စောင်နှင့် ရာသီဉတုပြောင်းလဲမှုလျှော့ချရေး ပူးပေါင်းပါဝင် ဆောင်ရွက်ပေး လက်ကမ်း စာစောင်များကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလှုပ်ရှားမှုတစ်ရပ်ဖြင့် ဖြန့်ဝေ ပေးခြင်းဖြစ်ကြောင်းနှင့် သရက်ခရိုင်အတွင်းရှိ မြို့နယ်များတွင်လည်း အသိပညာပေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက် လျက်ရှိကြောင်း ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒေါ်ရည်မွန်မွန်ဗိုလ် ထံမှ သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)