Stay at Home သတ်မှတ်ထားသည့် ဘီးလင်းမြို့နယ်၌ ကိုဗစ် - ၁၉ ကာလအတွင်းပုံမှန်ဝင်ငွေ မရှိသောအခြေခံလူတန်းစားများအား ထောက်ပံ့ငွေကျပ် ၄၀၀၀၀ စီပေးအပ်

ဘီးလင်း နိုဝင်ဘာ ၁၉

ဘီးလင်းမြို့နယ်၌ ကိုဗစ် - ၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော   အခြေခံလူတန်းစားများ ထိခိုက်နစ်နာမှု   မရှိစေရေးအတွက်   နိုင်ငံတော် အစိုးရမှ  Stay at Home  သတ်မှတ်ထားသည့် မြို့နယ်များမှာ အိမ်ထောင်စု တစ်စုလျှင် ငွေကျပ်  ၄၀၀၀၀   နှုန်းဖြင့် ထောက်ပံ့ငွေများပေး အပ်ပွဲ  အခမ်းအနားကို ယမန်နေ့ ညနေ  ၃  နာရီခွဲက မြို့နယ် သာသနာ့ဗိမာန်တော်၌   ကျင်းပ ပြုလုပ်သည်။

အခမ်းအနားတွင် ဘီးလင်းမြို့နယ်  အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာ  မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှထွဋ်က အိမ်ထောင်စု တစ်စုလျှင် ထောက်ပံ့ငွေကျပ်   ၄၀၀၀၀  ပေးအပ်ရခြင်းနှင့် ပက်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဘီးလင်းမြို့နယ်တွင် ရပ်ကွက်  ၅ ခုနှင့်ကျေးရွာအုပ်စု ၅၁ အုပ်စုရှိပြီး အခြေခံလူတန်းစား အိမ်ထောင်စု ၁၁၀၈၀ စုတို့အတွက်  စုစုပေါင်းငွေကျပ် ၄၄၃၂၀၀၀၀၀ ကို ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး  ဦးစီးဌာန   မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှထွဋနှင့် တာဝန်ရှိသူများက ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ လွဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်ဆက်)