သန်လျင်၌ကျင်းပမည့်  စာဖတ်ရှိန်မြှင့်တင်ရေးကြိုတင်ပြင်ဆင်မှုများအား ကွင်းဆင်းကြည့်ရှု

ရန်ကုန် ဩဂုတ် ၉

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၌ လာမည့်ဩဂုတ် (၃၀)ရက်တွင်ကျင်းပမည့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးကြိုတင်ပြင်ဆင်မှုများအား ဩဂုတ်လ ၇ ရက်နေ့မွန်းလွဲ (၁)နာရီအချိန်တွင် အခမ်းအနားကျင်းပမည့် အ.ထ.က(၁)သန်လျင်သို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာထွန်းနှင့် ဦးစီးအရာရှိ ဒေါ်အိအိမွန်တို့သည် ကျောင်းအုပ်ဆရာမကြီး ဒေါ်စုစုလှိုင်နှင့်အတူ အခမ်းအနားကျင်းပမည့် ရတနာရှင်းသန့်ခန်းမ၊ ဓာတ်ပုံ၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲကျင်းပမည့်နေရာ၊ စာအုပ်အရောင်းဆိုင်နှင့် ဂိမ်းကစားမည့်နေရာများအား လိုက်လံကြည့်ရှုကြသည်။

ထို့နောက် ပတ္တမြားခန်းမတွင် အဖွင့်သီချင်းသီဆိုမည့် ကျောင်းသားကျောင်းသူများ၊ ဘင်ခရာပန်းဖွားအဖွဲ့များလေ့ကျင့်နေမှုကို ကြည့်ရှုအားပေး၍ အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး ကျောင်းအုပ်ကြီး၊ ဆရာဆရာမများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ (ခရိုင်ပြန်ဆက်)