ပန်းတောင်း နိုဝင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ နေအိမ်ပြင်ပ ထွက်ခွါသွားလာသူတိုင်းMask တပ်ဆင်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းကို နိုဝင်ဘာ ၁၉ ရက်နေ့ နံက် ၈.၀၀ နာရီ အချိန်က ပန်းတောင်း မြို့နယ်အတွင်း လူစည်ကားရာ နေရာများဖြစ်သော ဆင်တဲ မြို့မစျေးတွင် အဖွဲ့များခွဲ၍ Mask Campaign ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နှာခေါင်းစည်းMask များ တပ်ဆင်နိုင်ရေးလုပ်ငန်း ဆောင်ရွက်ရာတွင် မြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးထွန်း၊ တိုင်းဒေသကြီး (၁)လွှတ်တော်ကိုယ်စားလှယ်ဒေါ်ဇင်မိုးထိုက်၊ တိုင်းဒေသကြီး (၂)လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပပဟန် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းအေး တို့က ဦးဆောင်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်တားဆီးရေး ကော်မတီ ဝင်များ၊ ကျန်းမာရေး ဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ် လ.ဝက ဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စျေးကော်မတီ ဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ နှာခေါင်းစည်း Maskများအား လူစည်ကားရာနေရာများ၌ ကိုဗစ်-၁၉ ကူးစက် ကာလအတွင်း နေအိမ်ပြင်ပ ထွက်ခွါသွားလာသူများကို နှာခေါင်းစည်း Mask များ တပ်ဆင်ပြီးမှ အပြင်ထွက် စေရန်နှင့် စျေးသူစျေးသားများအား နှာခေါင်းစည်းMask များ တပ်ဆင်ပြီးမှသာ စျေးအတွင်းသို့ ဝင်ရောက်ကြ စေရန် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သင်းသင်းအေး(ပြန်/ဆက်)