ရန်ကုန် နိုဝင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ပြည်သူများ ဈေးဝယ်လာရာတွင် အဆင်ပြေ ချောမွေ့စေရန်နှင့် ဈေးရောင်းချသူများ ရောင်းချရာတွင် အဆင်ပြေစေရန် ရည်ရွယ်၍ ဘိုကုန်ဈေး မြေညီ ထပ် အပြီးသတ်ဆောက်လုပ်နေသည့် ပြီးစီးမှုအခြေအနေကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကြည့်ရှုစစ်ဆေးရာတွင် အင်းစိန်မြို့နယ်၊စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးသိန်းသန်း နှင့် တာဝန်ရှိသူများသည် ရွာမအရှေ့ရပ်ကွက်၊မင်းကြီးလမ်းမှ ဘိုကုန်းဈေးမြေညီထပ်အား EE ဦးစိုး လွင်မှ တာဝန်ယူ ဆောင်ရွက်နေသည့် လုပ်ငန်းခွင်သို့ သွားရောက်၍ ကြည့်ရှုစစ်ဆေးရာ လုပ်ငန်း များကို စံချိန်စံညွှန်နှင့်အညီ အချိန်မှီ ပြီးစီးနိုင်ရေး၊ လုပ်ငန်းခွင်တွင် အန္တရာယ်ကင်းစွာ ဆောင်ရွက် ရေးနှင့် လုပ်ငန်းပြီးစီးမှု အခြေအနေများ စသည်တို့ကို ကြည့်ရှုစစ်ဆေး ဆွေးနွေးခဲ့ပြီး လုပ်ငန်းစဉ် များနှင့်ပတ်သက်၍ လိုအပ်သည်များကို လမ်းညွှန်အကြံပြု မှာကြားခဲ့သည်။
အင်းစိန်မြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)