လက်ပံတန်း နိုဝင်ဘာ ၁၉
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏. ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် လက်ပံတန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့ သော ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP) လုပ်ငန်းများ လွှဲပြောင်းခြင်း အခမ်းအနားကို ယမန်နေ့က အဆိုပါဦးစီးဌာန အစည်းဝေး ခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးသက်စိုးက လုပ်ငန်း များ လွှဲပြောင်းအပ်နှံခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ လက်ပံတန်း မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း( VDP)ဖြင့်ဆောင်ရွက်ခဲ့သော ကျေးရွာပေါင်း (၁၄)ရွာမှ လုပ်ငန်း(၁၅)ခုအား မြို့နယ်တာဝန်ရှိသူများက သက်ဆိုင်ရာကျေးရွာ ကော်မတီ ဝင်များထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။
ဝင့်နန္ဒာဌေး