ဝေါလေမြိုင်မြို့တွင် အိမ်တွင်းအကြမ်းဖက်မှုဆန့်ကျင်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသ

ဝေါလေမြိုင် နိုဝင်ဘာ ၁၉

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် အိမ်တွင်းအကြမ်းဖက်မှုနှင့် ပတ်သက်သည့် အကြောင်းအရာများကို ဒေသခံပြည်သူများ ပိုမိုသိရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ယနေ့နံနက် ၁၁ နာရီက အိမ်တွင်း အကြမ်းဖက်မှုဆန့်ကျင်ရေး အသိပညာပေး နံရံကပ်စာစောင်အား ပြသထားရှိကြောင်း သိရသည်။

အဆိုပါ အသိပညာပေး နံရံကပ်စာစောင်တွင် အိမ်တွင်းအကြမ်းဖက်မှု ဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ အိမ်တွင်းအကြမ်းဖက်မှုဖြစ်ပွားပါက ဆောင်ရွက်ရမည့်အချက်များ၊ အိမ်တွင်းအကြမ်းဖက်မှု မဖြစ်ပွားစေရန် စောင့်ထိန်းရမည့်အချက်များနှင့် အိမ်တွင်း အကြမ်းဖက်မှုအတွက် ဥပဒေအကြံရယူနိုင်ရန် ဆက်သွယ်အကူအညီ တောင်းခံရမည့် ဖုန်းနံပါတ်များ ပါဝင်ကြောင်းသိရသည်။

ကိုဗစ်-၁၉ ကာလအတွင်း ဝေါလေမြိုင်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန အနေဖြင့် နယ်လှည့်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်းမရှိသည့်အတွက် ပြည်သူ များ အသိပညာ ဗဟုသုတများနှင့် အဆက်အသွယ် မပြတ်စေရန် အသိပညာပေး နံရံကပ် စာစောင် ပြသခြင်းလုပ်ငန်းကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နိုင်မျိုးသင်း(ပြန်/ဆက်)