ကျိုက်မရော နိုဝင်ဘာ ၁၉
မော်လမြိုင်ခရိုင်၊ ကျိုက်မရော မြို့နယ်၌ ကိုဗစ် -၁၉ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း အခြေခံလူတန်းစားအိမ်ထောင်စုများအား စားဝတ်နေရေး အဆင်ပြေစေရန် အတွက်ပုံမှန်ဝင်ငွေမရှိသောအိမ်ထောင်စုများအားနိုင်ငံတော်အစိုးရမှ ပေးအပ်သည့်ထောက်ပံ့ငွေများကို ယမန်နေ့ညနေ ၄ နာရီက သက်ဆိုင်ရာရပ်ကွက်ကျေးရွာ တာဝန်ရှိသူများက အိမ်တိုင်ရာရောက် လိုက်လံ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောကိပံ့ပေးအပ်ရာတွင် ဘာဘူကုန်းကျေးရွာ ကွင်းစုပိုင်းရှိအိမ်ထောင်စု(၃၅) စုအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် ငွေကျပ် ၇၀၀၀၀၀ အား အမျိုးသားလွှတ်တော် ကိုယ်စား လှယ် ဦးခင်ဇော်ဦးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်အောင်တို့က တစ်အိမ်ထောင်စုလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ချိုချို (ပြန်/ ဆက်)