ပေါင်းတည်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ Book Club လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပေါင်းတည် သြဂုတ် ၁၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် Book  Club လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးဆုစံက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ Book Club ဥက္ကဋ္ဌ ဦးစိန်မောင်က အစည်းအဝေးကျင်းပရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပရာ Book Club အဖွဲ့အသင်းဝင်များက ကျောင်းသား၊ ကျောင်းသူ လူငယ်လေးများ စာဖတ်သည့် အလေ့အကျင့်များရရှိစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးတို့အတွက် စာဖတ်စွမ်းရည်၊ ကျပန်းစကားပြော၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများကို နိုင်ငံတော်၏နေ့ထူးနေ့မြတ်များတွင် ပညာရေးဦးစီးဌာနနှင့်ပူးပေါင်းကျင်းပပြုလုပ်နိုင်ရေးနှင့် အမှတ်တရလက်ဆောင်များ၊ ဆုများပေးအပ်ချီးမြှင့်နိုင်ရေးတို့ကို အကြံပြုဆွေးနွေးကြရာ Book Club ဥက္ကဋ္ဌနှင့်အဖွဲ့က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ရွှေသား(ပြန်/ဆက်)