ကျောက်ထု နိုဝင်ဘာ ၁၉
ဂန့်ဂေါခရိုင် ကျောက်ထုမြို့ မြို့မရပ်ကွက် မြို့လယ်လမ်းဆုံတွင် စည်ပင်သာယာရေးအဖွဲ့က ယခုနှစ် နိုဝင်ဘာလအတွင်း ကွန်ကရစ် လမ်းခင်းခြင်းဖြင့် လမ်းအဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ အဆင့်မြှင့်တင်ဆောင်ရွက်ရာတွင် စည်ပင်သာယာရေးအဖွဲ့ ခွင့်ပြုငွေကျပ် ၇၇၅၀၀၀၀ ဖြင့် လမ်းအရှည် ၁၉၀ ပေ၊ အကျယ် ၁၈ ပေ၊ ထု ၉ လက်မကို အဆင့်မြှင့်တင် ဆောင်ရွက်ခြင်းဖြစ်သည်။
လုပ်ငန်းဆောင်ရွက်ရာသို့ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်သည် တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၁၈ ရက်က လုပ်ငန်းဆောင်ရွက်ရာတွင် အရည်အသွေး ပြည့်မီရေး အတွက် ကွင်းဆင်းစစ်ဆေးကြောင်းနှင့် လုပ်ငန်းပမာဏ၏ ၉၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
မောဟေမာန် (ပြန်ဆက်)