တံတား ဩဂုတ် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ပြည်သူများအသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ လူကုန်ကူးမှုဆိုင်ရာအသိပညာပေးနံရံကပ်စာစောင်ကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က ပြသဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် လူကုန်ကူးမှု၏လမ်းစဉ် (၃)ဆင့်၊ လူကုန်ကူးမှုဖြစ်ပွားစေသော အဓိကအကြောင်းအရင်းများ၊ လူကုန်ကူးခံရခြင်းကြောင့်ရရှိလာသောဆိုးကျိုးများ၊ လူကုန်ကူးသူများ အသုံးပြုသောနည်းလမ်းများ၊ လူမှောင်ခိုမှုများ၊ နိုင်ငံအပေါ်ထိခိုက်စေသောဆိုးကျိုးများ၊ ရုပ်ပိုင်းဆိုင်ရာထိခိုက်စေသောဆိုးကျိုးများ၊ လူကုန်ကူးခံရသူကို အကူအညီပေးရမည့်လိုအပ်ချက်များ၊ လူကုန်ကူးမှုဆိုင်ရာပြစ်မှုနှင့်ပြစ်ဒဏ်များ၊ ကြိုတင်တားဆီးကာကွယ်ရေးလုပ်ငန်းများ၊ လူကုန်ကူးမှုနှင့်ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန်အချက်များ စသည့်အကြောင်းအရင်းများပါဝင်သည့် နံရံကပ်စာစောင်များပြသရာ ပြည်သူများစိတ်ဝင်စားစွာ လာရောက်ကြည့်ရှုခဲ့ကြောင်းသိရသည်။
ခန့်စည်သူဝင်း(ပြန်/ဆက်)