တောင်တွင်းကြီး နို၀င်ဘာ ၁၉
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့ တောင်ပြင် (၁) ရပ်ကွက် အောင်သိဒ္ဓိလမ်းသွယ်ရှိ အသွားအလာ ကန့်သတ်ထားရှိသည့် အိမ်ထောင်စု (၃၁) စုမှ မိသားစုဝင်များ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် အလှူရှင်များစုပေါင်း၍ အခြေခံ စားသောက်ကုန် များကို ယမန်နေ့ ညနေက ဆက်လက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် ဒေါ်မြသီရွှေဆိုင်နှင့် AK mobile မိသားစုတို့မှ ဆန်ငါးပြည်အိတ် ၃၁ အိတ် နှင့် ဆီ ၃၁ ပိဿာ၊ ဆရာမဒေါ်ဥမ္မာဌေး မိသားစုမှ ဆီ ငါးဆယ်သားဘူး ၃၁ ဘူး၊ ဆရာမဒေါ်အေနွယ်နှင်း၊ဆရာမ ဒေါ်ထားထားအိတို့မှ ဆီ ငါးဆယ် သားဘူး ၁၂ ဘူး တို့ကို စုပေါင်းလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ တောင်ပြင် (၁) ရပ်ကွက် အောင်သိဒ္ဓိလမ်းသွယ်အား ကိုဗစ်-၁၉ အတည်ပြုလူနာနှင့် ဆက်စပ်၍ နို၀င်ဘာ(၁၅) ရက်နေ့ ကစ၍ အသွားအလာကန့်သတ်ထားရှိခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)