ကလေးမြို့နယ် အရှေ့စည်းကျေးရွာတွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်ဖြင့် စိုက်ပျိုးထားသော မိုးစပါးဆင်းသုခ စံကွက်ရိတ်သိမ်း

ကလေး နိုဝင်ဘာ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် အရှေ့စည်းကျေးရွာတွင် ကိုဗစ်-၁၉ကြောင့်စီးပွားရေး ထိခိုက်မှုအပေါ် သက်သာရေး စီမံချက် (CERP)အစီအစဉ်အရ စိုက်ပျိုးထားသော မိုးစပါးဆင်းသုခ စံကွက်ရိတ်သိမ်းခြင်းကို‌ တောင်သူဦးမင်းဇော်၏လယ်ကွင်းတွင် ယမန်နေ့ နံနက် ၈ နာရီက ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရွာတွင် ကလေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ဒေသခံတ ောင်သူများ ပူးပေါင်းကာမျိုး စေ့ထုတ် မိုးစပါးစိုက်ခင်း ရိတ်သိမ်းမည့်လယ်ကွက်တွင် စံနှုန်းများ တိုင်းတာခြင်း၊ ရိတ်သိမ်းချွေလေ့ထားသော စပါးများ၏ အထွက်နှုန်း တိုင်းတာခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါမိုးစပါးဆင်းသုခ စံကွက်ရိတ်သိမ်းရာတွင် ဆင်းသုခမျိုးစေ့ထုတ် မိုးစပါး တစ်ဧကလျှင် (၁၂၀) တင်း ထွက်ရှိကြောင်းနှင့် ကလေးမြို့နယ်အတွင်း CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသော ဆင်းသု မိုးစပါး (၉၀) ဧက စိုက်ပျိုးလျက်ရှိကြောင်း ကလေးမြို့ နယ်စိုက်ပျိုးရေး ဦးစီး ဌာနရုံးမှ သိရသည်။

ထန်းဖုန်(ပြန်/ဆက်)