မြောက်ဥက္ကလာပမြို့နယ် အ.မ.က(၁၂)ကျောင်း Quarantine Centre တွင် ကိုဗစ်-၁၉ ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူရှင်မှ အလှူငွေများ လာရောက်လှူဒါန်း

မြောက်ဥက္ကလာပ နိုဝင်ဘာ  ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ()ရပ်ကွက် ..က (၁၂) ကျောင်းတွင် ဖွင့်လှစ်ထားသည့် Quarantine Centre အတွက် ကိုဗစ်-၁၉ ကာကွယ်ရေး လုပ်ငန်းများ၌ အသုံးပြုနိုင်ရန် အလှူရှင်မှ  အလှူငွေများကို ယမန်နေ့ နံနက် ၁၀ နာရီက လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့ လှူဒါန်းရာတွင် ကိုဖြိုးဝေမိုးနှင့် သူငယ်ချင်းများက အလှူငွေကျပ်()သိန်းကို လှူဒါန်းရာ ()ရပ်ကွက် စေတနာရှင် အသင်းနာယက ဦးစိုးတင့်က   လက်ခံရယူခဲ့ပြီး အလှူရှင်အား ဂုဏ်ပြုမှတ်တမ်းလွှာများ  ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် Quarantine Center တွင် Quarantine ဝင်ရောက်နေသူများနှင့် Volunteer များအတွက် လိုအပ်ချက်များကို လှူဒါန်းလိုပါက ()ရပ်ကွက်၊ စေတနာရှင် လူမှုဘဝစောင့်ရှောက်ရေးအသင်း ဖုန်း-၀၉၅၁၇၂၄၂၃ သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။

မြမြဝင်း (ပြန်/ဆက်)