စေတုတ္တရာမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြ ဆောင်ရွက်

စေတုတ္တရာ မတ် ၂၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့တွင် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ် လျှပ်စစ်ဌာနတို့ ပူးပေါင်း၍  မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက မြို့နယ် လျှပ်စစ်ရုံးရှေ့၌ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာနဦးစီးမှူး ဦးရှိန်းမင်းထက်က စေတုတ္တရာမြို့ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး ပြောကြားပြီး နောက်တက်ရောက်လာသူများ မီးသတ်ဆေးဘူးသုံးစွဲ၍ မီးငြှိမ်းသတ်ရေး လက်တွေ့ သရုပ်ပြ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခင်သန်းလှိုင်(ပြန်/ဆက်)