ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ဟင်းသီးဟင်းရွက်၊  သား၊ငါး၊စားသောက်ကုန်များ ရပ်ကွက်များ အရောက် စျေးကားများဖြင့် လှည့်လည်ရောင်းချပေး

ဒဂုံမြို့သစ်(အရှေ့ပိုင်း) နိုဝင်ဘာ ၁၉


ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ၏လမ်း ညွှန်မှုဖြင့်လတ်ဆတ်သောသား၊ ငါး၊ ဟင်းသီးဟင်းရွက် စားသောက် ကုန်များအား ရပ်ကွက်များအတွင်း ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်း ကစတင်၍ ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာ၌ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ အမှတ်(၅)ရပ်ကွက်နှင့် အမှတ်(၆)ရပ်ကွက်ရှိ ဗိုလ်မှူးဗထူးလမ်းနှင့်ဗားရွှေကျော်လမ်းထောင့်၊အမှတ်(၁)ရပ်ကွက်ရှိ ရာဇ သင်္ကြန် လမ်းစုံတို့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုအရ မြို့နယ် အတွင်းနေ ပြည်သူများ စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက် နိုင်ရေး၊ မိမိတို့နေအိမ်မှကွာဝေးသော စျေးများသို့ သွားရောက်ဝယ်ယူခြင်းမပြုရသည့် အတွက် ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ် နိုင်ရေး၊ သန့်ရှင်းလတ်ဆတ်သော သား၊ ငါး၊ စားသောက်ကုန်များအား ဝယ် ယူရရှိနိုင်ရေး တို့ကိုရည်ရွယ်ပြီး ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်တို့မှကြီးမှူး၍ ညီနောင် လုပ်ငန်းရှင်အသင်းများမှ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
လှလှထွေး(ပြန်/ဆက်)