ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များအား  ကျေးဇူးတင်စကားပြောကြား

ဒဂုံမြောက် နိုဝင်ဘာ ၁၉


၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းရှိ ပူးပေါင်းကူညီ ဆောင်ရွက် ပေးခဲ့ကြသော  မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များအား မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များမှ ကျေးဇူးတင်စကားပြောကြားခြင်းကို ယနေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌဦးဘုန်ကုန်းက ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်အတွင်းရှိ ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြသော မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များအား မြို့နယ်အတွင်း လူဦးရေစာရင်းကောက်ယူမှုများ၊ စာရင်း  ရေးသွင်းခြင်း များ၊ ပြင်ဆင်ဆောင်ရွက်မှုများ၊ မဲရုံများတွင်တာဝန်ထမ်း ဆောင်ခဲ့ ကြသော ဆရာဆရာမများနှင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ပေးကြသော မြို့နယ် ကော်မရှင် အဖွဲ့ဝင်များအား ကျေးဇူးတင်ရှိကြောင်း၊ ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်ခဲ့သဖြင့် မိမိတို့မြို့နယ် အတွင်း ပြဿနာတစ်စုံတစ်ရာမရှိဘဲ ရွေးကောက်ပွဲကြီးအောင်မြင်စွာပြီး မြောက်ခဲ့သဖြင့် အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ 
ဆက်လက်၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုး ကလည်း မြို့နယ် အတွင်း ရွေးကောက်ပွဲအဆင်ပြေစွာဖြင့် ဆောင်ရွက်နိုင်ခဲ့ သဖြင့် ပူးပေါင်းကူညီ ဆောင်ရွက် ပေးကြသော မိမိတို့မြို့နယ်ကော်မရှင်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ များအား ကျေးဇူးတင်ရှိပါ ကြောင်းပြောကြားသည်။ ထို့နောက် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များမှ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မြင့်မြင့်ရီ(ပြန်/ဆက်)