ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်း သာကေတမြို့နယ်ရှိ သတင်းဆရာ အသင်းဝင် အချို့အား အိမ်အရောက်ထောက်ပံ့ငွေပေးအပ်

သာကေတ နိုဝင်ဘာ ၁၉


ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်း စားဝတ်နေရေးအဆင်ပြေစေရန် အတွက်  သာကေတမြို့နယ်ရှိ သတင်းဆရာအသင်းဝင်အချို့အား နိုဝင်ဘာလ(၁၉)ရက်နေ့ နံနက်ပိုင်း က သာကေတမြို့နယ် သတင်းစာဆရာအသင်းဥက္ကဋ္ဌ ဦးဝင်းမြင့် (ချမ်းသာပြည့်စုံ)မှ ၎င်း၏ ကိုယ်ပိုင်ဝင်ငွေထဲမှ ဒုတိယအကြိမ်မြောက်အဖြစ် အသင်းဝင်တစ်ဦးလျှင်ငွေကျပ် (၂၀၀၀၀)စီဖြင့်အသင်းဝင်(၇)ဦးအား အိမ်အရောက်ထောက်ပံ့ငွေပေးအပ်ခဲ့သည်။
သာကေတမြို့နယ် သတင်းစာဆရာအသင်းဥက္ကဋ္ဌ ဦးဝင်းမြင့် (ချမ်းသာပြည့်စုံ)မှ “အသင်းဝင် အချို့ အခက်အခဲဖြစ်နေတဲ့ချိန်မှာ တစ်စိတ်တစ်ပိုင်းအနေဖြင့် ယခုလိုထောက်ပံ့ ပေးရခြင်း ဖြစ်ကြောင်း” ပြောကြားခဲ့ပြီး နိုဝင်ဘာ(၁၇)ရက်နေ့ကလည်း ပထမအကြိမ်အဖြစ် အသင်းဝင် တစ်ဦးလျှင် ငွေကျပ် (၅၀၀၀၀)စီဖြင့် အသင်းဝင်(၅)ဦးအား ထောက်ပံ့ငွေပေးအပ် ခဲ့ကြောင်း သိရသည်။
ကိုဘုန်း(ပြန်ဆက်)