ကဝ နိုဝင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင် ၊ ကဝမြို့နယ် ပြည်သူ့ကျန်းမာရေးဦးဌာနမှ တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက ကဝမြို့နယ်အတွင်းရှိ ဈေးများ ၊ ကားဂိတ်များ ၊ ဈေးဆိုင်များ ၊ လူသွား လူလာများသော နေရာများ၌ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်သူများ သိရှိစေရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီထုတ်ပြန်ထားသော ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန် Hand Speaker များဖြင့် အသိပညာပေး နှိုးဆော်ခဲ့ပြီး Mask များ အခမဲ့ဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ချစ်နှင်းသုန်(ပြန်/ဆက်)