ကျိုက္ခမီမြို့ အ.လ.က (သီရိမြိုင်) ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု လူငယ်အသိပညာပေးဟောပြောပွဲနှင့် ပြပွဲပြိုင်ပွဲများကျင်းပ

သံဖြူဇရပ် သြဂုတ် ၁၆

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေး ဟောပြောပွဲနှင့်ပြပွဲပြိုင်ပွဲများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက ကျိုက္ခမီ အ.လ.က (သီရိမြိုင်) ကျောင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းလွင်လွင်သိမ့်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးသီက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့၏ဘဝအောင်မြင်စေရေး၊ ကျောင်းစာအပြင် ဗဟုသုတတိုးပွားစေမည့် ပြင်ပစာပေများကိုလေ့လာဖတ်ရှုကြစေရေး၊ ကျောင်းစာကြည့်တိုက်များကို အသုံးပြုပြီးအချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရေး၊ မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးအကြောင်းတို့ကို ဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေးအဖြစ် လူငယ်နှင့်ပညာရေးခေါင်းစဥ်ဖြင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ပြုလုပ်ပေးပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာနမှပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ် သတိပြုကာကွယ်ရေး၊ မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေး၊ ယာဥ်အန္တရာယ်လမ်းအန္တရာယ်ကင်းရှင်းရေး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာများစသည့် အသိပညာပေး နံရံကပ်စာစောင်များနှင့် ဗဟုသုတရှိစေမည့် စာအုပ်များကို ခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်းသများမှ စိတ်ပါ၀င်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)