ပေါင်မြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်

ပေါင် ဩဂုတ် ၁၆

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက၊ မိမိဘဝတိုးတက်မှုရရှိလာအောင် စာများများဖတ်ကြပါရန်၊ အရွယ်မရောက်သေးသည့် ကလေးငယ်များအား မတရားအလုပ်စေခိုင်းမှုမှကာကွယ်ရန်၊ လူကုန်ကူးမှု၏ဆိုးကျိုးများကို ကျောင်းသား၊ ကျောင်းသူများက လိုက်နာဆောင်ရွက်ကြရန်‌ဟောပြော‌ခဲ့သည်။

ဆက်လက်၍ ပေါင်မြို့မစခန်းမှူး ဒုရဲမှူးမင်းဦးက အရွယ်မရောက်သေးသည့် ကလေးငယ်များ အနေဖြင့် သက်ငယ်မုဒိန်းမှုမှကင်းဝေးစေရန်၊ မုဒိန်းမှုသည် အမျိုးသားရောအမျိုးသမီးများပါ အချိန်အခါမရွေး ကျူးလွန်သူများက ပြုလုပ်နိုင်သည့်အတွက်လူတိုင်းကိုယ်စီ သတိဝိရိယဖြင့် နေထိုင်ကြရန် လူသူကင်းဝေးသည့်နေရာများကို မိမိတစ်ဦးတည်းမသွားလာဘဲ လူစုလူ‌ဝေးဖြင့်သာ သွားလာရန်လိုအပ်ပါကြောင်း စသည့်အကြောင်းအရာများကို အကျယ်တဝင့်ဟော‌ပြောခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ ဖတ်ရှုလေ့လာနိုင်ရန် ရုပ်ပြပုံပြင်များ၊ စာစောင်များစသည့် ကလေးများအသိပညာတိုးပွားရေး စာအုပ်စာပေများ၊ စာဖတ်ရှိန်မြှင့်တင်ရေးတို့နှင့်ပတ်သက်သည့် ဆောင်းပါး၊ ကဗျာ၊ ကာတွန်း သိမှတ်ဖွယ်ရာများ စသည့်အသိပညာပေးနံရံကပ်စာစောင်များ ဓာတ်ပုံများကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့‌ကြောင်း သိရသည်။

မွန်မလေး(ပြန်/ဆက်)