မင်းလှ ဩဂုတ် ၁၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြည်သူများအသိပညာ၊ ဗဟုသုတရရှိစေရန်အတွက် လစဉ်စာဖတ်ဝိုင်းများကို ကျင်းပပြုလုပ်လျက်ရှိရာ ယမန်နေ့က အင်ကြင်းရဂုံစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာအောင်က အမှာစကားပြောကြားပြီး၊ မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင် မြင့်သန်း (မင်းလှ) က ခင်ဆွေဦးရေးသားသည့် အင်ကြင်းရဂုံစာအုပ်မှ အကြောင်းအရာတို့ကို ဆွေးနွေးပြောကြားခဲ့ရာ စာပေချစ်မြတ်နိုးသူများက အပြန်အလှန်ဆွေးနွေးမှုများပြုလုပ်ကာ ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)