တံတားမြို့တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေး နည်လှည့်စာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်

တံတား ဩဂုတ် ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးနှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် (၁၀) နာရီအချိန်က ဇီးဖြူပင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းသို့သွားရောက်၍ နယ်လှည့်စာကြည့်တိုက် နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်မိုးဖြူလွင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစားများအပြင် ပြင်ပဗဟုသုတများရရှိစေရန်၊ စာအုပ်စာပေများကို ဖတ်ရှုခြင်းဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာအုပ်စာပေလူ့မိတ်ဆွေဆိုသည့်အတိုင်း စာပေသည်မိမိတို့၏ မိတ်ဆွေကောင်းများဖြစ်ကြောင်း၊ စာပေကိုချစ်မြတ်နိုးတတ်စေရန်၊ စာဖတ်ခြင်းကို လက်တွေ့အသုံးချခြင်းဖြင့် အလေ့အကျင့်များရရှိလာစေရန်၊ စာဖတ်စွမ်းရည်များ တိုးတတ်မြင့်မားလာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန် အသိပညာပေးဟောပြောပြီးနောက် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လျှပ်စစ်ဓာက်အားသုံးစွဲရာတွင် စံချိန်စံညွှန်းကိုက်ညီပြီး အရည်အသွေးပြည့်ဝသည့် ပစ္စည်းများကိုသာအသုံးပြုရန်၊ မလိုအပ်သောနေရာတွင် လျှပ်စစ်မီးများထွန်းထားခြင်း၊ ပန်ကာများဖွင့်ထားခြင်းမပြုလုပ်ရန်၊ လျှပ်စစ်ဓာက်အားလိုင်းများကို မိမိသဘောဖြင့်ကိုင်တွယ်ခြင်း မပြုလုပ်ရန်၊ လျှပ်စစ်ဓာက်အားကို ပေါ့လျော့စွာအသုံးမပြုရေးနှင့် ချွေတာသုံးစွဲရေး သိ‌ကောင်းစရာ နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

ခန့်စည်သူဝင်း