​ချောက်မြို့တွင် အပြင်ထွက်သွားတိုင်း နှာ​ခေါင်းစည်း တပ်ဆင်သွားကြ​စေရန် (Mask Campaign) ပြုလုပ်

ချောက်  နိုဝင်ဘာ  ၂၀

မ​ကွေးတိုင်း​ဒေသကြီး​၊ ချောက်မြို့နယ်အတွင်းရှိ‌ ဈေးများ၊ လူသွားလာမှု များပြားသည့် လမ်းထိပ်များ၊​ ချောက်မြို့အဝင်လမ်းများတွင်လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်း ဆိုင်ရာ ကျန်းမာရေး အသိပညာမြှင့်တင်ရေးနှင့် နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်ရေးလှုပ်ရှားမှု အဖြစ်ယမန်နေ့နံနက် ၉နာရီ အချိန်မှစ၍  Mask Campaign ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် ဈေးများ၊ ဈေးဝယ်သူများနှင့် ဈေးသည်များ၊  လူသွားလာ ဖြတ်သန်းမှုများသည့် လမ်းမများတွင် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) များ၊ ကျန်းမာ​ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဝေငှခြင်း၊ လိုက်နာဆောင်ရွက်ရမည့်အချက်များ အသိပညာပေး ပြောကြားခဲ့သည်။

ထိုသို့ဆောင်ရွက်မှုတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဦး​​ကျော်​ဆွေဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးစိုးနှင့်ကော်မတီဝင်များ၊ မြို့နယ်ကျန်းမာရေးဌာနမှ ကျန်းမာ​ရေးမှူးအဆင့် (၁) ဦး လှိုင်မြင့်ဟန်နှင့် ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများ ပူးပေါင်းပါဝင်လျက် Mask (၁၇၀၀) ခု၊ ကိုဗစ်-၁၉ ရောဂါ အသိပညာပေးလက် ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး အတွက် ဆောင်ရန်/ရှောင်ရန်များကို Hand Speaker ဖြင့် ကြေညာပေးခြင်းများ၊ အသံချဲစက်တို့ဖြင့် အသိ​ပေးနှိုး​ဆော်မှုအရှိန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်မိုး(ပြန်ဆက်)