တမူးခရိုင်၊ မြို့သစ်မြို့၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်ဖြင့် စိုက်ပျိုးထားသည့် မိုးစပါး မျိုးစေ့ထုတ် စိုက်ကွက်အား စံကွက်ရိတ်သိမ်း

မြို့သစ် နိုဝင်ဘာ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု CERP အစီအစဉ်အရ SRI စိုက်နည်းစနစ်နှင့်စိုက်ပျိုးထားသည့် ဆင်းဧကရီ-၃ မိုးစပါး မျိုးစေ့ထုတ် စိုက်ကွက် အား  နိုဝင်ဘာလ ၁၉ ရက်၊ နေ့ ၁၁ နာရီက မြို့သစ်မြို့၊တောင်သူဦးလွန်းကျော်၏ ကွင်းအမှတ် ၉၀၀(ဃ) တွင် စံကွက်ရိတ်သိမ်းခဲ့သည်။

အဆိုပါစံကွက်ရိတ်သိမ်းရာတွင် မြို့သစ်မြို့စိုက်ပျိုးရေးဦးစီးဌာနမှူးဦးမြင့်ကိုကိုနှင့်ဝန်ထမ်းများ၊ မြို့သစ်မြို့လယ်ယာမြေစာရင်းအင်းနှင့် စီမံခန့်ခွဲရေးဦးစီးဌာနမှူး ဦးကျော်ကျော် နှင့် တောင်သူများမှ (၆.၆) ပေ ပတ်လည်စံကွက်အား ရိတ်သိမ်းခဲ့ရာ တစ်ဧကလျှင် အစို (၁၂၁) တင်း ထွက်ရှိပြီး SRI စိုက်ပျိုးနည်းစနစ်များကို မြို့သစ်မြို့ စိုက်ပျိုးရေး ဦးစီးမှူးက တောင်သူများအား အသိပညာပေး ဆွေးနွေးခဲ့သည်။

မြို့သစ်မြို့တွင် ယခုနှစ် မိုးစပါးစိုက်ဧကအနေဖြင့် (၁၂၄၈၀)ဧက  စိုက်ပျိုးထားရှိပြီး ကိုဗစ်-၁၉ စီးပွားရေးကုစားမှု CERP အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ်စိုက်ဧက(၁၃၀) စိုက်ပျိုးထားရှိ ကြောင်း၊ ဆင်းဧကရီ-၃ နဲ့ မှော်ဘီမျိုးစပါးကို အများဆုံးစိုက်ပျိုးကြကြောင်း မြို့သစ်မြို့၊ စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

ထွန်းမင်းအောင် (ကဘော်မြေ)