နတ်မောက်မြို့နယ် ဆင်သေကန်ကျေးရွာဘုန်းတော်ကြီးကျောင်း (၅) ကျောင်းအတွက် ဆန်၊ ဆီနှင့် သစ်သီးများ သွားရောက်လှူဒါန်း

နတ်မောက်  နိုဝင်ဘာ  ၂၀

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ဆင်သေကန်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း(၅) ကျောင်း အတွက် ဆန်၊ ဆီနှင့် သစ်သီးများသွားရောက်လှူဒါန်းခြင်းကို နတ်မောက်ကွန်ရက်ပရဟိတ လူမှုအကျိုးပြု အသင်းမှ ဦးဆောင်၍ ယမန်နေ့ နေ့လယ်ပိုင်းက ဆရာတော်များထံ လှူဒါန်းမှုပြုခဲ့ကြောင်း သိရသည်။

အဆိုပါလှူဒါန်းခြင်းတွင် ရန်ကုန်ရောက် ဆင်သေကန်ရွာနွယ်ဖွားပညာရေးပဒေသာပင်အဖွဲ့မှ ပေးပို့ လှူဒါန်း သည့် ငွေကျပ် (၃) သိန်းအား နတ်မောက်ကွန်ရက်ပရဟိတ လူမှုအကျိုးပြု အသင်းက အလှူရှင်များ ကိုယ်စား ဦးဆောင်၍ ဆင်သေကန်ကျေးရွာ ဘုန်းတော်ကြီးကျောင်း(၅)ကျောင်းအတွက် တစ်ကျောင်းလျှင် ဆန်(၁)အိတ်၊   ဆီ(၂)ပိဿာ၊  ငှက်ပျောဖီးကြမ်း၊  ပန်းသီး နှင့်   ကွေကာထုပ်များ ကို  ဆရာတော်များထံ ဆပ်ကပ် လှူ ဒါန်းခဲ့ ရာ စုစုပေါင်း ဆန်(၅)အိတ် ၊ ဆီ(၁၀)ပိဿာ ၊ သစ်သီးများ နှင့် ကွေကာထုပ် များလှူဒါန်း ပေးခဲ့ကြောင်း သိရသည်။

လှဝင်း (နတ်မောက်)