ကျောက်ကြီး နိုဝင်ဘာ ၂၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ရပ်ကွက်/ကျေးရွာအုပ်စုစာရေးများအား သီးခြားထောက်ပံ့ ငွေပေးအပ်ပွဲကို ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူကရပ်ကွက်/ကျေးရွာအုပ်စု စာရေးများအနေဖြင့် ရပ်/ကျေး အုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများမှာ အတွင်းရေးမှူးအဖြစ် တာဝန်ပေးအပ်ခြင်း ခံရပြီး၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မိမိတို့ တာဝန်ကျရာ ရပ်/ကျေး အုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့၏ လုပ်ငန်းတာဝန်များကို ရုံးဖွင့်ရက်များ သာမက ရုံးပိတ်ရက်များမှာ လည်း ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ရသောကြောင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အောက်တိုဘာလ (၁)ရက်နေ့မှ နိုဝင်ဘာလ(၈)ရက်နေ့အတွင်း အစိုးရရုံးပိတ်ရက်ကာလ(၁၅)ရက်အတွက် လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ကြိုးစားဆောင်ရွက်မှုအပေါ် အသိအမှတ်ပြုသောအားဖြင့် အထွေထွေ အုပ်ချုပ်ရေ:ဦ:စီးဌာန (ရုံးချုပ်)မှထောက်ပံ့ သည့် ငွေများကို ရပ်ကွက်/ကျေးရွာအုပ်စုစာရေးများအား ပေးအပ် ရခြင်း ဖြစ်ကြောင်းနှင့် မိမိတို့တာဝန်ကျသည့် ရပ်ကွက် /ကျေးရွာအုပ်စုအတွင်းမှာလည်းကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများကို အရှိန်အဟုန် တိုးမြှင့် ဆောင်ရွက်သွားကြရန်လိုကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါသီးခြားထောက်ပံ့ငွေပေးအပ်ပွဲတွင် အစိုးရရုံးပိတ်ရက်ကာလ(၁၅)ရက်အတွက် စာရေးဝန်ထမ်း တစ်ဦးလျှင် နေ့တွက်စရိတ်စုစုပေါင်းငွေကျပ်(၇၂၀၀၀)ကျပ်ကို ရပ်ကွက်/ကျေးရွာအုပ်စု စာရေးများအား ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။
K ခိုင်ပြန်/ဆက်