လမ်းမတော် ဩဂုတ် ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် အ.လ.က(၁)ကျောင်းတွင် ကျောင်းကျန်းမာရေးရက်သတ္တပတ်လှုပ်ရှားမှု စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့် ကျပန်းစကားပြောပြိုင်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက အဆိုပါကျောင်းရှိ မြမာလာခန်းမတွင်ကျင်းပ ပြုလုပ်သည်။
အခမ်းအနားတွင် တျောင်းသား/ ကျောင်းသူများက ကျန်းမာရေးနှင့်ညီညွတ်ဖို့ ဂိမ်းကစားတာလျှော့ကြစို့၊ သွားကျန်းမာမှုအစကျောင်းသားဘဝက၊ မူးယစ်ကင်းစင်တို့ကျောင်းတစ်ခွင်၊ တစ်ကိုယ်ရည်သန့်ရှင်းရေး အလေးပေးဆောင်ရွက်ပေး၊ အစာအုပ်စုစုံလင်စွာ တို့တွေစားမှကျန်းမာမှာ ခေါင်းစဉ်များဖြင့် ကျပန်းစကားယှဉ်ပြိုင်ကြသည်။ ဆက်လက်ပြီး မေမေ့နေ့လယ်စာအာဟာရစုံလင်စွာ ထမင်းဘူးပြိုင်ပွဲကျင်းပခဲ့သည်။
အခမ်းအနားသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ဦးတင်ဝေအမှတ်(၁၀)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ကျောင်းအကျိုးတော်ဆောင်များ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ လူမှုရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ကျော်ဆန်းမြင့်