ကိုဗစ်၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် သနပ်ပင်မြို့နယ်၌ Mask Campaign အရှိန်အဟုန်မြှင့် ဆောင်ရွက်

သနပ်ပင် နိုဝင်ဘာ ၂၀


ကိုဗစ် ၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင် မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ  မြို့နယ် ဆရာဝန်ကြီး ဒေါက်တာစံကြည်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် စေတနာဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများပူးပေါင်း၍  ပြည်သူများ နေအိမ်အပြင်သို့ သွားလာရာတွင် mask စနစ်တကျ တပ်ဆင်သွားကြရန် အသိပညာ ပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က  ဈေးတံတားထိပ်ရှိ ဉာဏ်ဆောင်း စတိုးဆိုင်ရှေ့၊ လမ်းဆုံ၊ လမ်းထိပ်နေရာများ၊ စတိုးဆိုင်များ၌  Mask Campaign အား အရှိန်အဟုန်မြင့်ဆောင်လျှက်ရှိကြောင်းသိရသည်။
အဆိုပါ Mask Campaign အသိပညာပေးလုပ်ငန်းတွင် အဖွဲ့များခွဲ၍  အပြင်သို့ ဈေးရောင်း ဈေးဝယ်သူများ၊ အပြင်သို့အကြောင်းအမျိုးမျိုးကြောင့် သွားလာသူများ၊ ဆိုင်ကယ်ရီဂိတ်၊ အနှေးယာဉ်ဂိတ်များ စသည့်နေရာများတွင်  mask တပ်ဆင်လာခြင်းမရှိသူများ mask စနစ်တကျတပ်ပေးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ် ၁၉ စည်းကမ်းချက်များကို လိုက်နာ၍ အပြင်သို့ထွက်ကြရန်၊ မလိုအပ်ပဲ အိမ်အပြင်သို့မထွက်ရန်၊ ပဲခူးမြို့နယ်တွင် ပိုးတွေ့မှုများလာသည့်အတွက်  သနပ်ပင်မြို့နယ်သည် ပဲခူးမြို့နှင့်အနီးဆုံး မြို့တစ်မြို့ ဖြစ်သည့်အတွက် မလိုအပ်ဘဲ ခရီးသွားလာခြင်းမပြုလုပ်ကြရန် အထူးဂရုစိုက် ကြရန်၊ ခရီးသွားပြည်သူများနှင့် ဈေးသည်များကို အသိပညာပေးကာ၊ မိမိကစ၍ ကာကွယ်စို့ ကိုဗစ် ၁၉ အသိပညာပေးလက်ကမ်းစာစောင်များ၊ mask အခု (၁၀၀၀၀) ၊ face Shield အခု (၅၀၀၀)ခု  ပြည်သူများအား  နိုဝင်ဘာ ၁၉ ရက်နေ့မှ  ၂၃ ရက်နေ့ထိ (၅) ရက်ကြာ အခမဲ့ ဖြန့်ဝေပေးမည် ဖြစ်ကြောင်းသိရှိရသည်။

လှမိုး(သနပ်ပင်)